Journey to Pyin Oo Lwin, Pwe Kauk Waterfall

in Indiaunited9 months ago

Hello friends, have a nice day.

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးဖြစ်ကြပါစေ။


Pwe Kauk Falls or B.E Falls or Hampshire Falls

No one in Myanmar knows about the mountain town, which is famous for (5) names and has a pleasant and cool climate. Almost everyone wants to visit the city. It is a beautiful mountain town that even those who have never been there try to reach. That city is now called Pyin Oo Lwin City. Friends, have you ever been to the peaceful and beautiful city of Pyin Oo Lwin?

အမည် (၅)မျိုးနဲ့ကျော်ကြားပြီး ရာသီဥတု သာယာအေးမြသည့် တောင်ပေါ်မြို့ကို မြန်မာနိုင်ငံလူတွေ မသိသူမရှိပါဘူး။ လူတိုင်းနီးပါးကလည်း အဲဒီမြို့ကို သွားရောက်လည်ပတ်ကြချင်ကြပါတယ်။ မရောက်ဖူးကြသူများကလည်း ရောက်အောင်ကြိုးစားတဲ့ သာယာလှပတဲ့ တောင်ပေါ်မြို့တစ်မြို့ဖြစ်ပါတယ်။ အဲဒီမြို့ကတော့ ယနေ့ကာလမှာ ပြင်ဦးလွင်မြို့လို့ခေါ်ကြပါတယ်။ မိတ်ဆွေများရော အေးချမ်းသာယာလှပတဲ့ ပြင်ဦးလွင်မြို့ကို ရောက်ဖူးပြီးကြပြီလားဗျာ။



Because of the various flowers that bloom according to the season, you will always see a colorful and beautiful scene. Being a mountain town, the weather is cool and the scenery is always beautiful. Due to its natural forests, mountains and waterfalls, most tourists visit it, so it is a developed tourism city. Enjoying the scenery of such a cool and peaceful mountain town, I went on a vacation trip to Pwe Kauk waterfall(B.E waterfall) with my family. They often come to Pyin Oo Lwin. When our family went on a vacation trip to Pyin Oo Lwin, the beautiful scenery disappeared because it was covered with fog and snow.

ရာသီအလိုက် ပွင့်တတ်ကြတဲ့ ပန်းမျိုးစုံကြောင့် အမြဲတမ်း ရောင်စုံလှပတဲ့မြင်ကွင်းကို မြင်ရစမြဲပါ။‌ တောင်ပေါ်မြို့ဖြစ်တဲ့အတွက် ရာသီဥတုက အေးမြပြီး ရှုခင်းတွေကလည်း အမြဲလှပ‌နေတတ်တယ်။ သဘာဝတော တောင်တွေနဲ့ ရေတံခွန်တွေရှိတာကြောင့် ခရီးသွားအများစု လာရောက်လည်ပတ်ကြတဲ့အတွက် ခရီးသွားဖွံ့ဖြိုးတဲ့မြို့လည်းဖြစ်ပါတယ်။ အဲဒီလို အေးမြသာယာတဲ့ တောင်ပေါ်မြို့ရဲ့ ရှုခင်းတွေကိုခံစားရင်း ရေတံခွန်များထဲက ပွဲကောက်ရေတံခွန်(B.E ရေတံခွန်) ကို ကျွန်တော့်မိသားစုနဲ့အတူ အပန်းဖြေခရီး ရောက်ခဲ့ရပါတယ်။ မကြာခဏလည်း ပြင်ဦးလွင်ကို ရောက်တတ်ပါတယ်။ ကျွန်တော်တို့မိသားစု ပြင်ဦးလွင်ကိုအပန်းဖြေခရီးသွားတဲ့အချိန်မှာ မြူနှင်းတွေရောနှောပြီး ဖုံးလွှမ်းနေတာကြောင့် လှပတဲ့ ရှုခင်းတွေက ကွယ်ပျောက်နေပါတယ်။





This waterfall has a wider field than other waterfalls and there is less danger to those who bathe in the water, so most of them visit and relax. Now the glass bridge has been built and cable cars can be used. When I arrived, the cable cars were not yet finished. So I didn't have to ride the cable car. Since the construction of the mirror bridge has been completed, the public has been allowed to pass through it.

ဒီရေတံခွန်က အခြားသောရေတံခွန်တွေထက် ကျယ်ပြန့်တဲ့ကွင်းပြင်ရှိနေတာရယ် ရေဆင်းချိုးကြသူတွေလည်း အန္တရာယ်ဖြစ်စေဖို့ နည်းတာရယ်ကြောင့် အများစုက လာရောက်လည်ပတ်ရင်း အပန်းဖြေတတ်ကြပါတယ်။ အခုဆိုရင် ‌မှန်တံတား ဆောက်လုပ်ပေးထားပြီး ကေဘယ်ကားတွေလည်း စီးလို့ရနေပြီဖြစ်ပါတယ်။ ကျွန်တော်ရောက်ရှိခဲ့စဉ်ကတော့ ကေဘယ်ကားတွေ လုပ်ငန်းမပြီးသေးပါဘူး။ ဒါကြောင့် ကေဘယ်ကားမစီးခဲ့ရဘူးပေါ့ဗျာ။ မှန်တံတားကတော့ တည်ဆောက်ပြီးစီးနေပြီဖြစ်တဲ့အတွက် လူအများဖြတ်သန်းခွင့်ပြုထားပြီဖြစ်ပါတယ်။










Most of the young people and children walk across the glass bridge. Young women pose for photos on the glass bridge. Breaking through the glass and seeing the water below can give you a feeling. It is also known that each other's feelings are different.

မှန်တံတားပေါ်ကို လူငယ်နဲ့ ကလေးအများစုသာ ဖြတ်လျှောက်ကြပါတယ်။ အမျိုးသမီးငယ်များက မှန်တံတားပေါ်မှာ ဟန်အမူအရာအမျိုးမျိုးနဲ့ ဓာတ်ပုံရိုက်ကြတယ်။ မှန်ကိုဖောက်ထွင်းပြီး အောက်ကရေတွေကိုမြင်နေရတာ ခံစားချက်တစ်ခုကို ပေးစွမ်းနိုင်တာကို တွေ့ရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ခံစားချက်ခြင်းတော့မတူညီကြတာကိုလည်း သိရပါတယ်။



The side fields of the waterfall have been made like a park. There are also restaurants. The seats are also made in different shapes. It is convenient for women who want to take memorable photos. There are many other places to visit in Pyin Oo Lwin, but I didn't want to go anywhere else, so I spent time eating and eating at Pwe Kauk(B.E waterfall) and came back. On the way back, we took a bath at the (6) Mile Water Park next to the Dote Hta Watii River and returned home.

ရေတံခွန်ရဲ့ ဘေးကွင်းပြင်တွေမှာ ပန်းခြံလို ပြုလုပ်ပေးထားပါသေးတယ်။ စားသောက်ဆိုင်တွေလည်းရှိနေပါတယ်။ ထိုင်ခုံတွေကိုလည်း ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ပြုလုပ်ပေးထားပါတယ်။ အမှတ်တရ ဓာတ်ပုံရိုက်ချင်တဲ့ အမျိုးသမီးတွေအတွက်ကတော့ အဆင်ပြေနေတာတွေ့ရတယ်။ ပြင်ဦးလွင်မှာ အခြားလည်ပတ်စရာနေရာတွေ အများအပြားရှိပေမယ့် နောက်ထပ် ဘယ်ကိုမှမသွားတော့ပဲပွဲကောက်ရေတံခွန်(B.E ရေတံခွန်) မှာပဲ ပါလာတဲ့ စားစရာစားသောက်ရင်းနဲ့ အချိန်ဖြုန်းပြီးတော့ ပြန်လာခဲ့ပါတယ်။ အပြန်ခရီးမှာ ဒုတ္ထဝတီမြစ်ဘေးက (၆)မိုင် ‌Water Park မှာရေချိုးကြရင်း ခရီးတထောက်နားပြီး အိမ်ပြန်ခဲ့ပါတယ်။





With all due respect -

အားလုံးကို လေးစားလျှက် -


@ansoe


Sort:  

!hiqvote

@ansoe, the HiQ Smart Bot has recognized your request (1/2) but the mana is too low. Try again later.

As a consolation, @ansoe gets !PIZZA from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

PIZZA!

$PIZZA slices delivered:
@hiq.smartbot(3/5) tipped @ansoe

!luv
!meme

!DHEDGE

1


This post has been selected for upvote from our token accounts by @ansoe! Based on your tags you received upvotes from the following account(s):

- @dhedge.bonus
- @dhedge.pob
- @dhedge.neoxag
- @dhedge.waiv
- @dhedge.alive

@ansoe has 0 vote calls left today.

Hold 10 or more DHEDGE to unlock daily dividends. Hold 100 or more DHEDGE to unlock thread votes. Calling in our curation accounts currently has a minimum holding requirement of 100 DHEDGE. The more DHEDGE you hold, the higher upvote you can call in. Buy DHEDGE on Tribaldex or earn some daily by joining one of our many delegation pools at app.dhedge.cc.