Hello everyone, have a nice day.
အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးဖြစ်ကြပါစေ။
I think the plan is now to be able to express what is around the world. That's why I want to show other beautiful and unique photos, including things that can be different, such as cultural customs.
ကမ္ဘာတဝှမ်းမှာ ရှိကြတဲ့အရာတွေကို ဖော်ပြနိုင်စေဖို့အတွက် အခုအစီစဉ်ကို ပြုလုပ်ထားတယ်လို့ထင်ပါတယ်။ ဒါကြောင့်လည်း မတူညီနိုင်တဲ့အရာတွေဖြစ်တဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေအပါအဝင် အခြားလှပပြီးထူးခြားတယ်လို့ထင်ရတဲ့ ဓာတ်ပုံတွေကို ဖော်ပြချင်မိပါတယ်။
For this week's Around The World Contest, ancient Burmese kings used a raft shaped like a Karaweik bird to travel on water. Even today, they still use the shape of a Karaweik bird. Therefore, the photo of the Karaweik raft is used as a contestant. I have never seen a Karaweik bird. I've read in some books that the Karaweik bird is a Himalayan bird. Also known as the Indian Cuckoo.
ဒီတစ်ပတ် Around The World Contest အတွက် ရှေးမြန်မာဘုရင်များက ကရဝိတ်ငှက်ပုံသဏ္ဍာန် ဖောင်ကို ရေလမ်းခရီးမှာအသုံးပြုခဲ့ကြပါတယ်။ ယနေ့ခေတ်မှာလည်း ကရဝိတ်ငှက်ပုံသဏ္ဍာန်တွေကို ပုံဖော်အသုံးပြုနေကြဆဲဖြစ်ပါတယ်။ ဒါကြောင့် ကရဝိတ်ဖောင်တော် ဓာတ်ပုံကို ပြိုင်ပွဲဝင်အဖြစ် အသုံးပြုလိုက်ပါတယ်။ ကရဝိတ်ငှက်ကိုတော့ မမြင်ဖူးပါဘူး။ ကရဝိတ်ငှက်က ဟိမန္တာငှက်မျိုးလို့တော့စာအချို့မှာ ဖတ်ဖူးပါတယ်။ အိန္ဒိယ ဥဩငှက်လို့လည်းဖော်ပြကြပါတယ်။
Previously, I mentioned various of Karaweik raft. It is not known why the ancient kings used the krawai bird on waterways. It is also noted that in ancient times, they tried to find out about the Karaweik bird.
ဟိုအရင်တုံးကလည်း ကရဝိတ်ဖောင်အမျိုးမျိုးကို ဖော်ပြခဲ့ဖူးပါတယ်။ ရှေးဘုရင်တွေက ကရဝိတ်ငှက်ကို ဘာ့ကြောင့်ရေလမ်းမှာ အသုံးပြုခဲ့ကြသလဲဆိုတာကိုတော့ မသိပါဘူး။ ရှေးအခါကပင် ကရဝိတ်ငှက်ကို သိနိုင်ရန် ကြိုးစားခဲ့ဖူးကြကြောင်းကိုလည်း မှတ်သားရပါသည်။
The pictures above are photos of the Karaweik raft I mentioned before. The photo shown below is the contestant photo for this week's around the world challenge- #35/4.
အပေါ်ကပုံတွေကတော့ အရင်ကဖော်ပြခဲ့ဖူးတဲ့ ကရဝိတ်ဖောင်ရဲ့ဓာတ်ပုံတွေဖြစ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံကတော့ ဒီတပတ် around the world challenge-#35/4 အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံဖြစ်ပါတယ်။
With all due respect -
အားလုံးကို လေးစားလျှက် -