Hello all my friends.....
I am writing often. It is no longer my job to read or not to read the written letters. In today's world, anything can happen in a matter of seconds. As I got older, I had to understand impermanence as well. Anyone who looks carefully can see it, but it's true that I wasn't interested when I was young. Thoughts can change with age. A joke that was funny as a child is no longer funny as you get older. The movies that I thought were good to watch when I was young also lose interest as I get older.
It can be seen that some people have changed due to the teachings of the time, but most people are oblivious to the teachings. Because of the guidance of the teachings of life, the thoughts change and the behaviors are controlled as much as possible. Whenever I want to do it, I don't do it anymore, and whenever I want to eat, I don't eat anymore. When I was young, I used to search for love, but when I got older, I only wanted "Myitta". I want to cool down rather than burn. I couldn't stand the heat anymore and tried to put out the heat as much as possible.
I don't get angry easily like when I was young, and I don't get greedy anymore. I have come to like things that belong more. I just want to do what I can. I have to say that I am less willing to bear the burden. I didn't get the law, but I tried to be in line with the law. I tried to avoid illegal things as much as possible. I consider this to be the lessons that time and life experience have taught me. I think that the desire for injustice has also decreased. I can't let go of what I should get rightfully. Because they are going through life, they have to separate at some point.
Do you know the Burmese proverb that old people in other countries give medicine and take fire? It is also seen that most of the elderly people in Burma like foreign movies that show the measles in old age. For Buddhist Burmese people, they have to follow the instructions given by God, but they are trying to do the opposite. They want a wife more than law. I don't know if his past life experiences are guiding them. I don't want to deny the truth. There is no reason to deny it.
All creatures have their own property, only the good and bad things they do.
Thank you all.
@ansoe
(21 January 2025_TUESDAY)
Note. Last year's post in Burmese has been slightly edited and written in English.
အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ......
ကျွန်တော်ကမကြာခဏ စာတွေရေးနေပါတယ်။ ရေးထားတဲ့စာတွေကို သူငယ်ချင်း မိတ်ဆွေတွေ ဖတ်ခြင်း မဖတ်ခြင်းကတော့ ကျွန်တော့အလုပ်မဟုတ်တော့ပါ။ ယနေ့ခေတ်ကာလကြီးမှာ စက္ကန့် မိနစ်ပိုင်းအတွင်းမှာ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ အသက်တွေရလာတာနဲ့အမျှ မမြဲခြင်းတွေကိုလည်း ထိုက်သင့်သလောက်နားလည်လာခဲ့ရပါတယ်။ သတိနဲ့ကြည့် သတိနဲ့ရှုနေတဲ့သူတိုင်း မြင်နိုင်တယ်ဆိုပေမယ့် အသက်ငယ်ရွယ်ချိန်မှာတော့ စိတ်ဝင်စားခြင်းမရှိခဲ့တာ အမှန်ပဲ။ အတွေးအမြင်တွေဟာလည်း အသက်အရွယ်ရလာတာနဲ့အမျှ ပြောင်းလဲလို့လာပါတယ်။ ငယ်စဉ်က ရယ်စရာကောင်းတဲ့ ဟာသတစ်ပုဒ်ဟာ အသက်အရွယ်ရလာချိန်မှာ ရယ်စရာကောင်းမနေတော့ပါဘူး။ ငယ်စဉ်က ကြည့်လို့ကောင်းတယ်လို့ထင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာလည်း အသက်အရွယ်ရလာချိန်မှာ စိတ်မဝင်စားတော့ဘူး။
အချိန်ရဲ့ သွန်သင်မှုကြောင့် လူအချို့ကတော့ ပြောင်းလဲကုန်ကြပေမယ့် လူအများစုကတော့ သွန်သင်မှုကို သတိမမူမိတတ်ကြတာကိုလည်း မြင်ရပါတယ်။ ဘဝရဲ့ ဆုံးမသွန်သင်မှု ဓမ္မတရားရဲ့ လမ်းပြခေါ်ဆောင်မှုတွေကြောင့် အတွေးအခေါ်တွေပြောင်းလဲလာရသလို အကျင့်စရိုက်တွေကိုလည်း တတ်နိုင်သမျှ ထိန်းချုပ်လာကြရတယ်။ လုပ်ချင်တိုင်း မလုပ်ဖြစ်တော့သလို စားချင်တိုင်းလည်း မစားဖြစ်တော့ဘူး။ ငယ်စဉ်က အချစ်ဆိုတာကို လိုက်လံရှာဖွေတတ်ပေမယ့် အသက်အရွယ်ရလာချိန်မှာတော့ မေတ္တာကိုပဲ လိုချင်မိတော့တယ်။ ပူလောင်ခြင်းတွေထက် အေးမြခြင်းကိုလိုချင်လာတယ်။ အပူလောင်မခံနိုင်တော့သလို အပူမီးတွေကိုလည်း တတ်နိုင်သမျှ ငြှိမ်းသတ်ဖို့ ကြိုးစားလာမိတယ်။
ငယ်ငယ်ကလို လွယ်လွယ်နဲ့ ဒေါသမထွက်တတ်တော့သလို လောဘတွေလည်း မကြီးတော့ဘူး။ တပိုင်တနိုင်ဆိုတဲ့အရာကို ပိုကြိုက်လာခဲ့တယ်။ ကိုယ်နိုင်တဲ့အလုပ်ကိုပဲ လုပ်ချင်မိတော့တယ်။ မနိုင်ဝန်ကို ထမ်းချင်စိတ်နည်းသွားတယ်လို့ပဲပြောရမှာပဲ။ တရားရသွားတာတော့ မဟုတ်ပေမယ့် တရားနဲ့အညီနေနိုင်ဖို့ ကြိုးစားလာမိတယ်။ တရားနဲ့မညီတဲ့အရာတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ဖို့ ကြိုးစားလာမိတယ်။ ဒါကအချိန်နဲ့ဘဝအတွေ့အကြုံတွေက ပေးခဲ့တဲ့ သင်ခန်းစာတွေပဲလို့ မှတ်ယူမိပါတယ်။ မတရားသဖြင့်လိုချင်စိတ်တွေလည်း နည်းပါးသွားတယ်လို့တော့ ထင်မိတာပဲ။ တရားသဖြင့်ရသင့်တဲ့အရာကိုတော့ ခုချိန်ထိ လက်မလွှတ်နိုင်ပဲ လိုချင်နေတုံးပါပဲ။ ဘဝဆိုတာကြီးကို ကျော်ဖြတ်နေကြရတဲ့အတွက် တချိန်ချိန်မှာ ခွဲခွာသွားကြရမယ် ကိုယ်ထားခဲ့ရမယ့် တဲ့အရာတွေအတွက် လောဘ ဒေါသ မောဟတွေနဲ့ မလိုချင်တော့ဘူး။
အခြားနိုင်ငံက အသက်အရွယ်ကြီးရင့်သူတွေ ဆေးပေး မီးယူဆိုတဲ့ မြန်မာစကားပုံကိုများ သိနေရော့သလား။ အသက်ကြီးမှ ဝက်သက်ဖြစ်ပြနေကြတဲ့ နိုင်ငံရပ်ခြားက ဇာတ်ကားမျိုးတွေကို မြန်မာပြည်က အသက်အရွယ်ကြီးရင့်သူတွေ အများစုက သရေတမြားမြားနဲ့ သဘောကျနေတတ်ကြတာကိုလည်း မြင်တွေ့နေရပါတယ်။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအတွက်က ဘုရားဆုံးမထားတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာရမှာဖြစ်ပေမယ့် ပြောင်းပြန်လုပ်ဖို့ ကြိုးစားအားထုတ်နေကြလေရဲ့။ တရားထက် မယားကိုလိုချင်နေကြတယ်။ သူ့တို့ဖြတ်သန်းခဲ့တဲ့အချိန်ကာလ ဘဝအတွေ့အကြုံတွေက အဲဒီအတွက်များ လမ်းညွှန်ပြနေသလားတော့ မသိပါဘူး။ အမှား အမှန် မငြင်းလိုပါဘူး။ ငြင်းရန််လည်း အကြောင်းမရှိပါဘူး။
သတ္တဝါအားလုံးတို့သည် မိမိပြုသော ကောင်းမှု မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။
အားလုံးကို ကျေးဇူးတင်ပါတယ်။
@ansoe
(21 January 2025_Tuesday)