Hello everyone, have a nice day.
အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးဖြစ်ကြပါစေ။
These photos were taken during a visit to Inle Lake , located in Nyang Shwe Township, Southern Shan State, Myanmar. I have often posted photos about Inle Lake. Inlay Lake is the second largest natural lake in Myanmar.
ဒီဓာတ်ပုံတွေကို မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်မှာတည်ရှိတဲ့ အင်းလေးကန်ကို သွားရောက်လည်ပတ်ခဲ့စဉ်က ရိုက်ယူခဲ့တာဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ အင်းလေးကန်နဲ့ပတ်သက်တဲ့ဓာတ်ပုံတွေကိုလည်း မကြာခဏ ပို့စ်တင်ခဲ့ဖူးပါတယ်။ အင်းလေးကန်က မြန်မာနိုင်ငံမှာ ဒုတိယအကြီးဆုံး သဘာဝရေကန်ကြီးဖြစ်ပါတယ်။
It is a large lake surrounded by mountains around Inle Lake. The Inle Lake region is also an area with many things to study. It is also called the heart of Shan State region. Friends, if you come to visit Myanmar, I urge you to visit and study.
အင်းလေးကန်ရဲ့ ဘေးပတ်ဝန်းကျင်တွင် တောင်များဝိုင်းရံထားသည့် တောင်တွေကြားက ကြီးမားတဲ့ရေကန်ကြီးဖြစ်ပါတယ်။ အင်းလေးကန်ဒေသက လေ့လာစရာတွေလည်း ပေါများတဲ့ နေရာဒေသတစ်ခုလည်းဖြစ်ပါတာ်။ ရှမ်းပြည်နယ်ဒေသရဲ့ အသည်းနှလုံးလို့လည်းခေါ်ကြပါသေးတယ်။ မိတ်ဆွေတို့အနေနဲ့ မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိခဲ့ရင် မဖြစ်မနေ သွားရောက်လေ့လာလည်ပတ်သင့်ကြောင်းလည်း တိုက်တွန်းပါတယ်။
Inle Lake is maintained by the state and local residents. You will be able to see and learn about different lifestyles, traditional cultural customs, unique living, and how vegetables are grown on artificial rafts, distinctive housing shapes and types.
အင်းလေးကန်ကို ပြည်နယ်အစိုးရနဲ့ ဒေသခံများက ထိန်းသိမ်းစောင့်ရှောက်ထားကြပါတယ်။ မတူညီတဲ့ လူနေမှုစနစ် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ ထူးခြားတဲ့နေထိုင်မှုတို့အပြင် ဟင်းသီးဟင်းရွက်များကို ကျွန်းမျောများပေါ်တွင် စိုက်ပျိုးထားခြင်းများကို မြင်တွေ့လေ့လာနိုင်မှာဖြစ်ပါတယ်။
The photo below is the contestant photo for this week's around the world challenge #5/5.
အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံကတော့ ဒီတပတ် around the world challenge #5/5 အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံဖြစ်ပါတယ်။
With all due respect -
အားလုံးကို လေးစားလျှက် -